ပန်းတနော် ၂၉ မေ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက်နှင့် မြို့ကွက်သစ်ရပ်ကွက်ရှိ အခြေခံ လူတန်းစားများအတွက် ပန်းတနော်မြို့ကျန်းမာရေးအသိပညာပေးရေးအဖွဲ့နှင့် ၅၂၈ ပရဟိတ အဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်းများနှင့်ဆပ်ပြာခဲများကို ယနေ့ နံနက်ပိုင်းက အိမ်အရောက်အခမဲ့ဖြန့်ဝေ လှူဒါန်း ပေးခဲ့သည်။
“ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျွန်တော်တို့ ပရဟိတအဖွဲ့တွေစုပေါင်းပြီး တကယ်လိုအပ်နေတဲ့ အိမ်တွေကို အခမဲ့လိုက်လံ ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး ဒီနေ့ဆိုရင် အနောက်ပိုင်း ရပ်ကွက်နှင့် မြို့ကွက်သစ်ရပ်ကွက်ရှိ အခြေခံလူတန်းစားတွေအတွက် နှာခေါင်းစည်း အခု ၁၀ဝ၀ နှင့် ဆပ်ပြာခဲ အခု ၇၀ဝ တို့ကိုပေးဝေခဲ့ပြီး နောက်ရပ်ကွက်တွေကိုလဲ အခမဲ့ပေးဝေဖို့ အစီအစဉ်ရှိပါတယ်” ဟု ကျန်မာရေး အသိပညာပေးရေး အဖွဲ့ခေါင်းဆောင် ကိုအောင်ကျော်ခိုင်၏ ပြောကြားချက်အရ သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


