ကျောက်တလုံးကြီး       ၂၉   မေ           

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့နှင့် ပတ်ဝန်းကျင်ရွာများ၌ လေပြင်းများ တိုက်ခတ်ခဲ့ရာ မေလ ၂၈ ရက်နေ့က နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာ ပညာရင်သွေး နေ့ကလေးထိန်းကျောင်းနှင့် တခေါ့မွူးကျေးရွာတွင် လူနေအိမ်လေးလုံး ခေါင်မိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပညာရင်သွေးနေ့ ကလေးထိန်းကျောင်း သွပ်မိုး၊ ထရံကာ (၄၈ပေ ၁၈ ပေ) နှစ်ထပ် အဆောက်အဦ တစ်လုံးနှင့် နောင်ပစ်ကျေးရွာအုပ်စု၊ တခေါ့မွူးကျေးရွာတွင် သွပ်မိုး၊ ထရံကာ တစ်ထပ်အဆောက်အဦ နှစ်လုံးနှင့် သွပ်မိုး၊ ထရံကာ နှစ်ထပ်အဆောက်အဦ နှစ်လုံးတို့ အိမ်ခေါင်မိုးလန် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)