ကွတ်ခိုင်  ၂၉   မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ စေတနာ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် စေတနာ့ဝန်ထမ်း သင်တန်း (Volunteers Training)ကို မေလ ၂၆ရက်နှင့် ၂၇ရက် တို့တွင် (၂)ရက်ကြာ ကွတ်ခိုင်မြို့၊ မြို့နယ်ပြည်ထောင်စုခန်းမ၌ ပြုလုပ်ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်းမှအမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်မှ လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသမှု အခြေအနေနှင့် ပြင်ဆင်ထားမှုအ‌ခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

 သင်တန်းတွင်  စေတနာ့ဝန်ထမ်းများကိုအားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာ ရေး အသိပညာနှင့်ပတ်သက်သော အကြောင်းအရာများ၊ စေတနာ့ဝန်ထမ်းများ သိသင့် သိအပ်သော အထွေထွေ ဗဟုသုတများ၊ PPEဝတ်စုံ ဝတ်ဆင်ရာ၌ နည်းစနစ်တကျ ဝတ်ဆင်စေရန်နှင့် ချွတ်၍ စနစ်တကျ စွန့်ပစ်စေရန် အစရှိသည့်နည်းလမ်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများကလည်းကောင်း၊ ရှေးဦးသူနာပြုစုနည်းနှင့် ကြက်ခြေနီအသင်း၏ အခြေခံ မူများကို ကွတ်ခိုင်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများကလည်းကောင်း၊ မီးလောင်မှု ဖြစ်ပွားရာ နေရာ၌ မီးခိုးငွေ့များအကြား လူ့အသက်ကယ်ဆယ်သည့် နည်းစနစ်များကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများကလည်းကောင်း အသီးသီး သရုပ်ပြဆွေးနွေးပို့ချသည်။

 

သင်တန်းသို့ ကွတ်ခိုင်မြို့ပေါ်ရှိ ဂရုဏာ လူမှုကူညီရေးအသင်း၊ ဗြမ္မာစိုရ် လူမှုကူညီရေးအသင်း၊ ဂေါ်ရခါး လူမှုကူညီရေး အသင်း၊ ရှမာရိ လူမှုကူညီရေးအသင်း (KJH)၊  ပေါင်းစည်းအား လူမှုကူညီရေးအသင်းနှင့် ကွတ်ခိုင် ကြက်ခြေနီအသင်းခွဲ တို့မှ စေတနာ့ဝန်ထမ်း ၅၀  တက်ရောက်သည်။

 

ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅ ရွာမှ ရွာပေါင်း၂၄ ရွာတွင် Facility Quarantine Center အဖြစ် ဖွင့်လှစ်ထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)