ကျောက်ကြီး ၂၉ မေ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးဆောင်မှုဖြင့် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် လှုံဆော်ရေးဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် Mask နှာခေါင်းစီး ၁၀ဝ၀ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်းထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ဝန်းထမ်းများ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ ရင်ခွင်မဲ့ ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ INGO အဖွဲ့များ ပူးပေါင်းပြီး ကျောက်ကြီးမြို့ မြို့လယ်ခေါင် လမ်းဆုံ၊ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ထု အဝိုင်း၊ စည်ပင်သာယာ ဈေးအတွင်းအပြင်ရှိ ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာများအား ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် လှုံဆော်ရေး မော်တော်ယာဉ်ဖြင့် လှုံဆောင်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် Mask နှာခေါင်းစီးများ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းအား မြို့နယ် လှုပ်ရှားမှုတရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျတပ်ဆင်ကြရန်နှင့် Mask တပ်ဆင် မလာသူများအား Mask များ အခမဲ့ စနစ်တကျတပ်ဆင်ခြင်း၊ ပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ကို မြို့နယ် အတွင်းရှိ အဖွဲ့စည်းပေါင်းစုံ ပူးပေါင်းလှုပ်ရှားမှုအသွင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ( ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ပြောကြားချက်အရ သိရသည်။
ကိုသားကြီး( ကျောက်ကြီး)


