စေတုတ္တရာ ၂၉ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးဘေးလုံခြုံရေးနှင့် ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးဦးရှိန်းမင်းထက်၏ အနီးကပ်ကြီးကြပ်မှု ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မိုးရာသီ ကာလတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အချိန်နှင့် တစ်ပြေးညီ ကူညီရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရေတွင်း ရေကန်များတွင် လူနှင့် တိရိစ္ဆာန်များ ပြုတ်ကျခြင်း၊ ပိတ်မိခြင်းများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများ အသုံးပြု၍ လျင်မြန်စွာ ရှာဖွေကူညီ ကယ်ဆယ်နိုင်ရေးအတွက် အသက်ကယ် ရှာဖွေရေး လုပ်ငန်းဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်ကယ်ရှာဖွေရေး လုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အသက်ကယ်လုပ်ငန်းများ၏ ဆောင်ပုဒ်ဖြစ်သော လျင်မြန်၊ ထိရောက်၊ လုံခြုံ၊ သေချာရမည် စသည့် ဆောင်ပုဒ်နှင့်အညီ ရေတွင်းရေကန်အတွင်း လူနှင့် တိရိစ္ဆာန်များ ပြုတ်ကျခြင်းနှင့် ပိတ်မိနေခြင်းများ ကြုံတွေ့လာပါက လျင်မြန်စွာ ရှာဖွေကူညီ ကယ်ဆယ်သွားနိုင်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း စေတုတ္တရာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ် ဦးစီးမှူး ဦးရှိန်းမင်းထက်ထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


