မြန်အောင် ၂၉ မေ
မြန်အောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော အဖွဲ့ဖြင့် ယမန်နေ့က စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လိုင်စင်ချ ထားပေးသော တည်းခိုခန်း (၁၃)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အချက် (၁၂)ချက်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်


