ပန်းတနော်  ၂၉  မေ

 

ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်ခရိုင် ၊ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သစ်တောမပြုန်းတီးစေရေးအတွက် ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ်တွင် ကျွန်း၊ ယူကလစ်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မအူ၊ကဗွီး အစရှိတဲ့ ပျိုးပင်ပေါင်း၂၉၀ဝ၀ ကျော်ကို ပျိုးထောင်ထားသည်။

 

အဆိုပါ ပျိုးပင်များကို မေလကုန် ဇွန်လဆန်းပိုင်းတွင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ NGO ရုံးများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ အခမဲ့ဖြန့်ဝေ ပေးသွား မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သစ်ပင်များကို မိုးရာသီတွင် စိုက်ပျိုးခြင်းဖြင့် မြေအောက်ရေထိန်းသိမ်းနိုင်ပြီး၊လေထု သန့်ရှင်းမှု ဖြစ်ပေါ်စေကာ ရာသီဥတုလည်း မှန်ကန်စေတာကြောင့်နှစ်စဉ် မိုးရာသီရောက်တိုင်း ပျိုးပင်များကို ပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေ စိုက်ပျိုးစေခဲ့ကြောင်း ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာနမှ  သိရသည်။

 

ထွေး(ပန်းတနော်)