နတ်မောက်     မေ         ၂၉

           

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိုအထောက်အကူဖြစ်စေရန်အတွက် နတ်မောက်မြို့နယ် ကလျာဏမိတ္တ သန့်ရှင်းရေးကုသိုလ်အဖွဲ့မှ (၇)ကြိမ်မြောက် ပါးစပ်နှာခေါင်းစည်း ( Mask) ခုရေ ၂၅၀ အခမဲ့ဖြန့် ဝေခြင်းကို ယနေ့နံနက် (၉)နာရီက သားမျှားကျေးရွာရှိဈေးနှင့်ဘူတာ သို့သွားရောက် ၍ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နတ်မောက်မြို့နယ် ကလျာဏမိတ္တသန့်ရှင့်ရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကို အထောက်အကူ ဖြစ်စေရန်အတွက်  နတ်မောက်မြို့ရှိယာယီဈေးနှင့်လမ်းဆုံများတွင် (၃)ကြိမ်၊ ကျေးရွာများအနေဖြင့် ရွှေပန်းတော  ၊စိုင်ကောင်း၊ပေါက်ကန်၊သားမျှား ကျေးရွာများသို့ သွားရောက်၍စုစုပေါင်း အဝတ်နှာခေါင်းစည်း(Mask) ၁၇၅၀ ဖြန့်ဝေပေးခဲ့ပြီးဆက်လက်၍လည်း ပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဥမ္မာခင်(နတ်မောက်)