ချီဖွေ ၂၉ မေ 

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇၃) ကျောင်းအတွက် ကျောင်းသုံးဗလာစာအုပ် (၂၅၂၁) ဒါဇင်နှင့် ပုံနှိပ်စာအုပ်များ (၅၂၂၄) အုပ် ထုတ်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကစတင်၍ ချီဖွေမြို့နယ် အထကကျောင်း၌ သက်ဆိုင်ရာ ကျောင်းအုပ်တာဝန်ခံများထံ ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ကျောင်းသုံးဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ထုတ်ဝေပေးခြင်းကို မြို့နယ်ပညာရေးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယုယုလိူင်နှင့် အဖွဲ့များက ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်နှင့် ပုံနှိပ် စာအုပ်များ အခမဲ့ဖြန့်ဝေနိုင်ရေး သက်ဆိုင်ရာအခြေခံပညာ ထက်/လယ်/မူ ကျောင်း (၇၃) ကျောင်း၏ ကျောင်းအုပ် /တာဝန်ခံများထံ  စနစ်တကျ ထုတ်ဝေပေးနေကြောင်း သိရသည်။

 

ဆက်လက်၍  ပုံမှန်ဆိုရင် ဒီလတွေမှာ ဆရာ/ဆရာမတွေအတွက် သင်တန်းရှိပါတယ်။ ခု Covid-19 ကာလမို့ Grade- 4 ရယ်၊ Grade- 7 နှင့် Grade-10 အတန်းအတွက် Online ပေါ်ကနေလဲ လေ့လာလို့ ရအောင် သင်တန်းပို့ချပေးတယ်။ သင်တန်းသုံး ဆရာ နဲ့ သင်တန်းသားကိုင် တစ်စုံစီ သင်တန်းစာအုပ် (၃၅၇) ဦးအတွက် ထုတ်ပေးပြီးတော့ ကျောင်းသုံးဗလာစာအုပ်များကို မူလတန်း အဆင့်ကျောင်းသား၊ကျောင်းသူများကိုသာ အခမဲ့ဖြန့်ဝေနိုင်ဖို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ချီဖွေမြို့နယ် ပညာရေးမှူး ဦးသန်းအောင်က ပြောကြားခဲ့သည်။

 

နန်းမြင့်(ပြန်/ဆက်)