မြောက်ဒဂုံ   ၂၉    မေ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ ကလေး သူငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ထိုးနှံ တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်ကွက် ဓမ္မာရုံများ၊ ဒေသန္တရဆေးခန်းများတွင် စုရပ်များ သတ်မှတ်ပြီး ဇွန်လ ၁ ရက်နေ့မှ၁၂ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း တစ်ရက်လျင် ကလေးငယ် ၅၀ စီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ရီ(ပြန်/ဆက်)