မြိတ် ၂၉ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဈေးတန်းရပ်ကွက် သဟာရလမ်းတွင် အလှူရှင်(၃)ဦးမှ ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၂၂၀)အား အခြေခံစားသောက်ကုန်များကို မေလ(၂၉)ရက် နံနက်ပိုင်း က စနစ်တကျ လှူဒါန်း ထောက်ပံ့ပေးခဲ့ကြသည်။
အခြေခံလူတန်းစားများအား လှူဒါန်းထောက်ပံ့သည့် အခြေခံစားသောက်ကုန်များမှာ အိမ်ထောင်စုတစ်စု လျှင် ဆန်(၆)ပြည်၊ ဆီ(၁)ဗူး၊ ထီး(၁)ချောင်း၊ မာမားခေါက်ဆွဲခြောက် အထုပ် ၃၀ ပါ တစ်ပါကင်၊ ကြက်သွန်၊ ပဲ၊ ဆပ်ပြာ၊ Hand Gel တစ်ဘူးစီ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
လှူဒါန်းထောက်ပံသည့်အစီအစဉ်မှာ (ဦးတင်ဝင်း)+ဒေါ်အေးရှင် မိသားစု ဇေကမ္ဘာဆန်ရောင်းဝယ်ရေး မှ ဒေါ်အေးရှင် ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ပြီး ၄င်းတို့မှ ဆန် ၊ ဆီ ၊ ထီး တို့လှူဒါန်းကြပြီး မိုးထက်မြက် ကွမ်းသီးရောင်းဝယ်ရေး မှ မားမားခေါက်ဆွဲခြောက် ၊ မြိတ်ပန်းဧရာ ကုမ္ပဏီ မှ ကြက်သွန်၊ ပဲ၊ ဆပ်ပြာ၊ Hand Gel တို့ လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


