မြင်းမူ   ၂၉   မေ

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း၂၀၂၀-၂၀၂၁ခုနှစ် စိုက်ပျိုးရာသီအတွင်း  စက်မှုကုန်ကြမ်း သီးနှံဖြစ်သော ဝါမျိုးစုံဧက (၄၇၁၄၀) ကို စိုက်ပျိုးသွားရန်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

 

160

 

ယခုနှစ် စိုက်ပျိုးရာသီအတွင်း မြင်းမူမြို့နယ်အနေဖြင့်ဝါကြီး ၊မလှိုင်၅/၆ (၂၉၀ဝ)ဧကနှင့် ချည်မျှင်ရှည်ဝါများဖြစ်သည့် မိုးကြို၊   မိုးကာလ၊ မိုးနှောင်းဝါ(၁၆၆၂၀)ဧက ၊စုစုပေါင်း  ဝါဧက(၁၉၅၂၀)ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ယုချိန်ထိ ဝါမျိုးစုံဧက (၉၀ဝ)နီးပါး စိုက်ပျိုးအောင်မြင်လျှက်ရှိကြောင်း သိရှိရသည်။  မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများအနေဖြင့်      မိမိတို့ရေမြေသဘာဝနှင့် ကိုက်ညီသော ဝါမျိုးများကို ရွေးချယ်စိုက်ပျိုးလျှက်ရှိကြောင်း နှစ်စဉ်ဝါ စိုက်ပျိုးတောင်သူများ အနေဖြင့်  အမြတ်အစွန်းများ ပိုမိုရရှိလျှက်ရှိကြောင်း ဝါစိုက်တောင်သူ ကိုသဲမောင်ထံမှ သိရှိရသည်။       

 

ဝါစိုက်ပျိုးရေးနှင့် ပါတ်သက်သည့် နည်းပညာနှင့် ဝါမျိုးကောင်းမျိုးသန့်များကိုလည်း   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ပံ့ပိုးကူညီပေးလျှက်ရှိသည့်အတွက် ဝါစိုက်တောင်သူများအတွက်များစွာအဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။    

 

အောင်စိုးဖေ