မင်းတပ် ၂၉ မေ
ကိုဗစ် - ၁၉ ရောဂါ အရေးပေါ် ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး ကာလအတွင်း စျေးဆိုင်များ၊ စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်အချိန်အတွင်း စည်းကမ်းရှိရှိဖြင့် ရောင်းချနိုင်ကြစေရန် ရည်ရွယ်၍ မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဆိုင်ပိုင်ရှင်များအား ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များနှင့် စျေးဆိုင်ပိုင်ရှင်များအား သတ်မှတ်ချိန်အတွင်း သတ်မှတ်ထားသည့် နှာခေါင်းစည်းများနှင့် ခေါင်းပေါင်းများ ( Face Shield) တပ်ဆင်ပြီး စည်းကြိုးများတန်းကာ စနစ်တကျ စည်းကမ်းရှိရှိ ရောင်းချကြရန် မှာကြားသည်။
ထို့နောက် ဆိုင်ပိုင်ရှင်များက တစ်ဦးချင်း လိုအပ်သည်များ တင်ပြကြရာ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ပြန်လည်ရှင်းလင်းဖြေကြားပေးကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)


