နေပြည်တော် ၂၉ မေ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူရှင်များက ယနေ့မွန်းလွဲပိုင်းတွင် အလှူငွေများ လာရောက်လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက လှူဒါန်းမှု အကြောင်းရင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လှူဒါန်းမှုများ အတွက် ကျေးဇူးတင်စကားပြောကြားပြီး လှူဒါန်းမှုများကို လက်ခံကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က လှူဒါန်းငွေကျပ်သိန်း (၁၀၀၀)၊ MPT သုံးစွဲသူ မိဘပြည်သူ များ၏ SMS မှတစ်ဆင့် လှူဒါန်းငွေကျပ် (၂၀၆၉၁၅၀၀) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၁၉)ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ရာထူးတိုးမြှင့်ခံရသူ (၁၇)ဦးက ငွေကျပ် (၄) သိန်းတို့ကို လှူဒါန်းခဲ့သည်။
သတင်းစဉ်


