ပွင့်ဖြူ ၂၉ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်ရှိ မင်းမြေကျေးရွာအုပ်စု၊ သစ်တော်ကျေးရွာ၊ မင်းလှကျေးရွာ၊ ကျောင်းတော်ရာ ကျေးရွာအုပ်စု၊ ကျောက်ပန်းတောင်းကျေးရွာ၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၆)လုံး အမိုးလန်ပျက်စီးခြင်းနှင့် ရွှေလှေကျေးရွာအုပ်စု၊ ရွာထောင်ကျေးရွာရှိ ဘုရားတန်ဆောင်း အမိုးလန်ပျက်စီး မှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးမှုအတွက် လူနေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ၊ ဘုရားတန်ဆောင်း အမိုးလန်ပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ နှင့် လေဘေးသင့်အိမ်ထောင်စု လူဦးရေ(၃၃)ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၆၉၃၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၉၉၃၀၀ အား လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)


