ရေဦး  ၂၉  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၀န်ကြီး ဦးကမ်ဇာမှုံနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက ရေဦးမျိုးသန့်ခြံရှိ စပါးအခြောက်ခံစက်နှင့် အအေးခန်းဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ရေဦးမြို့နယ် မျိုးသန့်ခြံ တာ၀န်ခံ ဦးတင်မောင်၀င်းက သီးနှံမျိုးစေ့ အမျိုးအစားများ ထားရှိမှု၊  ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်အရ အခြားသီးနှံများ စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည်  စိုက်ပျိုးရေးဦးစီးဌာန  မုတ်စီကျေးရွာ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာသို့ ရောက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ကိုဗစ်-၁၉ ကာလ နည်းပညာ ပြန့်ပွားရေးစင်တာအလိုက် Home Garden တောင်သူပညာပေးစိုက်ခင်း ဆောင်ရွက်ထားရှိမှု၊  တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေနှင့် နည်းပညာပြန့်ပွားရေးစင်တာအလိုက် တာဝန်ခွဲဝေချထားမှု၊ အသိပညာပေး မြေစိုက်နံရံကပ်ဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနိုင်ခဲ့မှုအနေများကို  ပရိုဂျက်တာဖြင့် ရှင်းပြပြီး ဆက်လက်ဆောင်ရွက်မည့် တောင်သူပညာပေးလုပ်ငန်း အစီအစဉ်များကို တင်ပြခဲ့သည်။

 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က တောင်သူများ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက်  စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှု၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးနည်းပညာ ပေးစခန်းများ ရှင်သန်စေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန် စီစဉ်ထားရှိမှုများ၊ ဆည်မြောင်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်က ရေနုတ်မြောင်းသွယ်များ ဖောက်လုပ်ထားမှု အခြေအနေတို့ကို  တင်ပြခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၀န်ကြီး ၀န်ကြီးက မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် စိုက်ပျိုးရေးဌာန တာ၀န်ရှိသူများ၏ တင်ပြချက်များအပေါ်  ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

သန်းသန်း (ပြန်/ဆက်)