ငဖဲ  ၃၀  မေ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် သဘာ၀တောထိန်းသိမ်းခြင်း၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းကို နယ်ဇောကျေးရွာ အနောက်ဘက်ကွင်း စိုက်ခင်းအမှတ် ၄/၂၀၂၀ ၌ မေလဆန်းပိုင်းမှစ၍ တမာအပင်ပေါင်း(၂၀၀၀) စိုက်ပျိုးထားကြောင်း ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သဘာ၀တောထိန်းသိမ်းခြင်းအဖြစ် ဧက ၁၀၀၀ စိုက်ပျိုးထားရာမှာ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းကို မေ ၇ ရက်နေ့တွင် မန်းချောင်းရေလှောင်တမံဆည်၊ လက်ယာမြောင်းမကြီးမှ ရေကိုယူပြီး တမာအပင် ၃၀၅ ပင်ကိုရေလောင်းစိုက်ပျိုးခဲ့ကြောင်း၊ မေလ ၂၇၊ ၂၈ ရက်နေ့မှာ မိုးရွာလာတဲ့အတွက် အပင် ၁၆၉၅ ပင်ကိုစိုက်ပျိုးကြောင်း၊ စုစုပေါင်း တမာအပင် (၂၀၀၀)စိုက်ပျိုးထားကြောင်း၊ မရှင်သန်သော အပင်နှင့် ညှိုးနွမ်းအပင်များကို ဖြည့်စွက်စိုက်ပျိုးလျက် ရှိကြောင်းနှင့် စိုက်ပျိုးထားသောအပင်များ ရေရှည်ရှင်သန်ရေးအတွက် အပတ်စဉ်ရေလောင်းပြုစု ပေးလျက်ရှိကြောင်း ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဋ္ဌာန ဦးစီးမှူးဦးဇော်သင်း ကပြောကြားသည်။

မယု(ငဖဲ)