မိုင်းပန် ၃၀ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၎င်းတို့ရုံးဝင်းအတွင်းတွင် Home Gardening အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မုန်ညင်းစိမ်းများအား အများပြည်သူများ စားသုံးနိုင်စေရန်အတွက် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ယာယီ(ပျံကျ)ဈေး၌ သွားရောက်၍ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး ဦးကျော်မိုးမှ စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူ ယာယီ(ပျံကျ)ဈေးသို့ လာရောက်၍ ဈေးရောင်းသူ၊ ဈေးဝယ်သူမခွဲခြားဘဲ မိဘပြည်သူများ လတ်လတ်ဆတ်ဆတ်စားသုံးနိုင်ရန် မုန်ညင်းစိမ်းများနှင့် မိမိတို့၏နေအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးချင်သူများအတွက် အဆင်သင့်စိုက်ပျိုးနိုင်စေရန်အတွက် မျိုးစေ့များ အခမဲ့ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုဆန်း(မိုင်းပန်)


