မန္တလေး ၃၀ မေ
မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်အတွင်းရှိ သက်တမ်း ၂၀ဝ ရှိ ရှေးဟောင်းသမိုင်းဝင် မြေစွန်းဝန်ဘုရား ဂန္ဓကုဋိတိုက်တော်မှ အုပ်ချပ်များ မိုးရေတိုက်စားမှုများကြောင့် ပြိုကျပျက်စီးလျက်ရှိရာ ရှေးမူမပျက်ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဂေါပကအဖွဲ့က သြဝါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍သြဝါဒခံယူပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဦးစီးဌာနတို့သို့ တင်ပြခဲ့သည်။
မေ ၂၈ ရက်တွင် ရှေးမူမပျက်ပြုပြင်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူးညွန်ကြားရေးမှူးဦးဇော်ဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ ဦးဇင်မင်းဆွေနှင့် အဖွဲ့သည်ရှေးမူမပျက် လိုအပ်သည့်ဗိသုကာပုံစံများ ပြန်လည်တိုင်းတာ ရေးဆွဲပေးနိုင်ရေးနှင့် ပြန်လည်ပြုပြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
သက်တမ်း နှစ် ၂၀ဝ ရှိ မြေစွန်းဝန်ဘုရားသည် ၁၁၈၁ ခုနှစ် အမရပူရခေတ် ဘကြီးတော်ဘုရားလက်ထက် ဉာဏ်တော် အမြင့် ၃၅ တောင်၊ ပစ္စယံ အဆင့်ဆင့်နှင့် အရန်လေးဆူပါသည့် ဖိနပ်သံတောင်ထုထည် ကြီးမားသော စေတီတော်ဖြစ်သည်။ ဂေါပကအဖွဲ့ကဘုရား ဘက်စုံပြုပြင်မှုများ လုပ်ဆောင်လျက်ရှိသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ရှေးဟောင်းသမိုင်းဝင် ရွေကျီးမြင်ဘုရားဂန္ဓကုဋိတိုက် တော်ကြီးပေါင်းမိုးများ ပျက်စီးမှုဖြစ်ခဲ့သဖြင့် ၂၀၁၂ ခုနှစ်က ရှေးမူမပျက်ပြုပြင်ပေးခဲ့သည်။
မောင်ပြည်သူ(မန္တလေး)


