မိတ္ထီလာ ၃၀  မေ

 

မိတ္ထီလာမြို့နယ်၌  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မေ ၂၉ ရက်နေ့ ည ၇ နာရီအချိန်က ပန်းသင်းကျေးရွာ ရွှေယင်ဆိုင်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ သစ်ပင်ပြိုလဲ၍ ဘုရားစောင်းတန်းကို ဖိမိကာ ဘုရားစောင်းတန်းပြိုလဲခဲ့ကြောင်း သိရသည်။

 

ကွက်ငယ်ကျေးရွာအုပ်စု ပန်းသင်းကျေးရွာရှိ ရွှေယင်ဆိုင်းဘုန်းတော်ကြီးကျောင်းတွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ လုံးပတ် ၈ ပေခန့်ရှိ မန်းကျည်းပင် အခြေမှ လဲကျရာ ပေ ၅၁၀ အရှည်ရှိ ဘုန်းတော်ကြီးကျောင်း စောင်းတန်းအား ဖိမိကာ စောင်းတန်း ပြိုကျသဖြင့် မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်က မိတ္ထီလာတပ်နယ်မှ တပ်မတော်များနှင့်အတူ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့တင်များ သွားရောက် ရှင်းလင်းပေးခဲ့သည်။

 

၎င်းအပြင် ပေါက်ချောင်းရပ်ကွက် ပေါက်ချောင်းဘောလုံးကွင်းလမ်းမကြီး ရှင်သန်းခြင်းဆေးရုံအနီးတွင် လုံးပတ် ၆ ပေရှိ သီးပင်မှာ လဲကျပြီး လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် ဆက်သွယ်ရေးကြိုးများပေါ်သို့ ပိမိကာ လမ်းမပေါ်သို့ လဲကျနေသဖြင့် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)