နမ္မတူ ၃၀ မေ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများ အဆင်ပြေစေရေးအတွက် နမ္မတူမြို့နယ်၌ သ.တ.လ ရပ်ကွက် (၇)ခုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၉၄)စုအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဆပ်ပြာမှုန့်နှင့် နှားခေါင်းစည်းများ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မေ ၃၀ ရက် နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းရာတွင် စေတနာရှင်အလှုရှင်များ ဖြစ်ကြသော အနှိုင်းမဲ့နာမှုကူညီရေးအသင်း၊ ဦးအောင်မြင့်ဦး၊ အချိုချိုဝင်း (555 အပေါင်ဆိုင်)၊ ဦးဇော်ဦး၊ မခိုင်(ရွှေမင်း-ရွှေဆိုင်)၊ ဦးသိန်းဟန်၊ ဒေါ်ဝင်းကြည် (ပတ်ကားလက္ဘက်ရည်ဆိုင်)၊ ကိုဇော်ဇော်၊ မသဇင်(ရွှေဝါမိသားစု)၊ ဦးချစ်အေး(မိသားစု)နှင့် မရီရီနိုင်နှင့် မောင်နှမများမှ ပူးပေါင်း၍ သ.တ.လ (၁)ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၄၈)စု၊ သ.တ.လ (၂) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၈)စု၊ သ.တ.လ (၃) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၆၇)စု၊ သ.တ.လ (၄) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၇)စု၊ သ.တ.လ (၅) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၃၆)စု၊ သ.တ.လ (၆) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၅)စု၊ သ.တ.လ (၇) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၃၃)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၅)ပြည်အိတ် (၁)အိတ်၊ ဆီ (၅၀)သား (၁)ဘူး၊ ဆား (၅၀)သား (၁)ထုပ်၊ ကြက်သွန်နီ (၅၀)သား (၁)ထုပ်၊ ကုလားပဲ (၅၀)သား (၁)ထုပ်၊ ဆပ်ပြာမှုန့် (၁)ထုပ်နှင့် နှာခေါင်းစည်း (၁)ခု စုစုပေါင်း အိမ်ထောင်စု (၄၉၄)စုအတွက် ဆန် (၂၄၇၀)ပြည်၊ ဆီ (၂၄၇) ပိဿာ၊ ဆား (၂၄၇)ပိဿာ၊ ကြက်သွန်နီ (၂၄၇)ပိဿာ၊ ကုလားပဲ (၂၄၇)ပိဿာ၊ ဆပ်ပြာမှုန့် (၄၉၄)ထုပ်နှင့် နှာခေါင်းစည်း (၅၅၀)ခုအား ဖြန့်ဝေလှူဒါန်းခဲ့သည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


