ကျောင်းကုန်း ၃၁ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် လူစည်ကားရာမြို့မဈေးလမ်းဆုံတွင် ယနေ့နံနက် ၈နာရီအချိန် Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီဝင်များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များက နှာခေါင်းစည်းအခု(၂၀ဝ၀)ကို ပြည်သူများအား အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။
ယခုအခါ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ရာ လူတိုင်း လူတိုင်း အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်၍ သွားလာကြစေရန် ရည်ရွယ်ပြီး ယခုလို နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းဖြစ်ကြောင်း၊ နှာခေါင်းစည်းမတပ်သူများအား စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ထွေ/အုပ်ရုံးက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


