ရွှေကျင် ၃၁ မေ
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မေ၃၀ရက်ည၇နာရီခွဲအချိန်က ပြင်းထန်စွာမိုးရွာသွန်းပြီး မိုးကြိုးများ ပစ်ခတ်မှုကြောင့် ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးစေတီတော်ကြီး၏ လုံးပတ်တော် (၅)နေရာကို မိုးကြိုးခခဲ့ပြီး အရံစေတီ(၁)ဆူမှာ မြေခခဲ့သည်။
ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးစေတီတော်ကြီး၏ ဉာဏ်တော်မှာ (၈၃)တောင်၊ ဘိနပ်တော်မှာ (၁၇၅)တောင်နှင့် အရံစေတီ(၃၂)ဆူရှိသည်။ စေတီတော်ကြီး မိုးကြိုးခမှုကြောင့် တနင်္လာထောင့်ရှိ လုံးပတ်တော်တွင် (၃)နေရာ ကြာသာပတေးထောင့်တွင်(၂)နေရာ ကွဲအပ်အရာများဖြစ်ပေါ်ခဲ့ပြီး တနင်္လာ ထောင့်ရှိ အရံစေတီ(၁)ဆူမှာမြေခခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


