မိုးနဲ ၃၁  မေ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်မှုကြောင့် အခြေခံပညာ အထက်တန်းကျောင်းဝန်ရှိ ကာရံထားသော အနောက်ဘက် အုတ်တံတိုင်း လဲပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါနေရာသို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုင်းစိုးနိုင်နှင့် တာဝန်ရှိသူများက လဲပြိုမှုအား ယနေ့နံနက် ၇ နာရီအချိန်က တိုင်းတာစစ်ဆေးခဲ့ရာ အရှည်  ၁၄၄ ပေခန့်လဲပြိုပျက်စီးခဲ့ပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(ပြန်/ဆက်)