လဟယ် ၃၁  မေ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ် မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ကျေးလက်အိမ်ယာ ဆောက်လုပ်နေမှု (၆၃)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

 ““ နာဂဒေသက ကျေးလက်ဒေသနေပြည်သူတွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ လျှပ်စစ် မီးရရှိရေးနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးတို့ကို လုပ်ဆောင်ပေးနေသလို၊  ကျေးလက် အိမ်ယာ တွေကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် လုပ်ဆောင်ပေးနေတာ အခုဘဏ္ဍာရေးနှစ်မှာတော့ ကျေးရွာ (၈)ရွာမှာ လူနေအိမ် (၂၇) လုံးကို တည်ဆောက်ပေးနေတာ အခုဆိုရင် ရာခိုင်နှုန်း(၆၀)ကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ်(၁၇၅)သန်း လဟယ်မြို့နယ်အတွင်း ကျေးလက်အိမ်ယာ တည်ဆောက် ပေးနေမှုအဖြစ် တိုက်ရံကျေးရွာတွင် (၇)လုံး၊ နောက်လော်ကျေးရွာတွင် (၅)လုံး၊ ကပ္ပလံပါဆေး ကျေးရွာတွင် (၅)လုံး၊ ထန်ခေါ်လန်မကျေးရွာတွင် (၂)လုံး၊ ခမ္မလားကျေးရွာတွင် (၂)လုံး၊ လန်တိုင်းနောက်ကုန်း ကျေးရွာတွင် (၂)လုံး၊ ရှိတ်ပါးကျေးရွာတွင်(၂)လုံးနှင့် ဟန်ဆင်ကျေးရွာတွင် (၂)လုံး စုစုပေါင်း (၂၇)လုံးအား ယခုဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)