အမ်း    ၃၁     မေ

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်အတွင်း မေလ(၂၈)ရက် နံနက်(၅)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ  ကျေးရွာ(၂၂)၌ အိမ်ခြေ (၆၄)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ခြေ(၂၃)လုံး၊ ဓမ္မာရုံ(၂)ရုံနှင့် စာသင်ကျောင်း(၁) ကျောင်း အမိုးလန် ပျက်စီးခဲ့ကာ လူဦးရေ(၃၉၈)ဦး လေဘေးသင့်ခဲ့သည်။

 

အဆိုပါ လေဘေးသင့်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှုးရုံးမှ လုံးဝ ပျက်စီးအိမ်ခြေ (၆၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးဖြစ်သော ကျားလုံချည်၊ မလုံချည်၊ စောင်၊ တဘက်၊ ဒန်အိုး၊ ဇလုံ၊ တီရှပ်၊ ဆပ်ပြာ၊ ခြင်ထောင်၊ စတီးလ်ဓါး၊ စတီးလ်သောက်ရေခွပ်၊ စတီးလ်ဇွန်း၊ ပလပ်စတက်ရေချိုးခွက်၊ စတီးလ်ပန်ကန်ပြား၊ တာပေါ်လင်စ(၆-၆)၊ ပလပ်စတစ်ပုံး၊ (၁၆) အိမ်ထောင်စုစာ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၆၄၀ဝ၀ဝ၀နှင့် လူဦးရေ(၃၉၈)ဦးအတွက် ဆန်ရိက္ခာ (၇)စာဖိုးငွေကျပ် ၈၃၅၈၀ဝ၊ စုစုပေါင်းငွေကျပ် ၇၂၃၅၈၀ဝ အား မေလ(၃၁)ရက်နေ့ နံနက်(၈) နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးညီညီကျော်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ အမိုးလန်ပျက်စီးအိမ်ခြေ(၂၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ‌ငွေကျပ် (၄၆၀ဝ၀ဝ)ကျပ် အား ထောက်ပံ့ခွင့်ပြုနိုင်ရေးတင်ပြထားကြောင်း သိရှိရသည်။

 

စိုးမင်းထွန်း (မြို့နယ်ပြန်/ဆက်)