အိမ်မဲ    ၃၁   မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆင်တိုး ကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးနှင့် ကြက်လည်လိမ် ရောဂါကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီက အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်နှင့် ဝန်ထမ်းများက ဆင်တိုးကျေးရွာအတွင်းရှိ တစ်နိုင်တစ်ပိုင် မွေးမြူထားသော ဝက်နှင့်ကြက်များကို ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး၊ ကြက်လည်လိမ် ရောဂါကာကွယ်ဆေးနှင့် ကြက်ဝမ်းကျရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာမှာဝက်ကောင်ရေ(၇၀)နှင့်ကြက်ကောင်ရေ(၂၀ဝ)ရှိပြီး ကာကွယ်ဆေးများ ထိုးပေးခြင်းကြောင့် တစ်နိုင်တစ်ပိုင် မွေးမြူကြသော ဝက်ကြက်များ အသေအပျောက်ကင်းပြီး မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)