ပခုက္ကူ    ၃၁    မေ

 

ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ရေး ဆိုင်ထိုင်စားသောက်ခွင့်ပိတ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် မေ ၃၀ ရက် ညနေ ၃နာရီခွဲက ကွင်းဆင်း စစ်ဆေးသည်။

 

ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင် လင်းနှင့် စစ်ဆေးရေးအဖွဲ့သည် ခွင့်ပြုချက်လျှောက်ထားလာသည့် စားသောက်ဆိုင် လေးဆိုင်နှင့် လက်ဖက်ရည် ဆိုင်တစ်ဆိုင်တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ ပြင်ဆင် ဆောင်ရွက်ထား ခြင်း ရှိ/မရှိ စစ်ဆေးပြီး စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားသည့် ဆိုင်များကို ချက်ချင်းခွင့်ပြုသွားမည်ဖြစ်သည်။

 

ပခုက္ကူမြို့နယ်တွင် စားသောက်ဆိုင် (၁၀ဝ)နှင့် လက်ဖက်ရည်ဆိုင် (၁၂၀) ရှိကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)