လှိုင်းဘွဲ ၃၁ မေ

           

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအတွင်း ဈေးရောင်းချနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် Face Shield နှင့် နှာခေါင်းစည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

           

ထိုသို့ သွားရောက်လှူဒါန်းရာတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ရွှေဂွန်းဈေးအတွင်း ဈေးရောင်းချနေသူများကို Face Shield (၅၀၀)နှင့် နှာခေါင်းစည်း (၅၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

           

အဆိုပါ ဈေးရောင်းချနေသည့် ဈေးသည်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ရောင်းချခွင့်ပြုကြောင်းနှင့် ဈေးဝယ်လာသည့် ပြည်သူများကိုလည်း နှာခေါင်းစည်း တပ်ဆင်ပြီးမှ ဈေးဝယ်ခွင့်ပြုပါကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)