ရေစကြို ၃၁ မေ
ရေစကြိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် မေလ ၃၀ ရက်နေ့ည ၈ နာရီအချိန်က စေတီ(၄)ဆူ ထီးတော်မြေခပြီး ဘုန်းကြီးကျောင်း(၁) ကျောင်းနှင့် လူနေအိမ်(၁၀၁)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် အမှတ်(၄)ရပ်ကွက်၊ ကန်တော်ရပ်၊ ကန်တော်ဘုရား(၅)ဆူမှ (၁)ဆူနှင့် ရှေးဟောင်းဘုရား (၁)ဆူ၊ အမှတ်(၆)ရပ်ကွက်၊ အောင်ချမ်းသာရပ်၊ ရှင်ပင်ပွင့်လင်းဘုရား ဉာဏ်တော်တစ်လျှောက် ထိခိုက်အက်ကွဲခြင်းနှင့် ထီးတော်ကျိုးခြင်း၊ ကိုးရင့်ကျေးရွာအုပ်စု၊ ဟင်္သာကျေးရွာ ရှစ်မျက်နှာစေတီတော်ရှိ တံခွန်တိုင်ထီးတော်မြေခခြင်း၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သွပ်အမိုး(၂၅)ချပ်လန်ခြင်း၊ ကွေ့ဒေါင့်ကျေးရွာအုပ်စု၊ ကွေ့ဒေါင့်ကျေးရွာနှင့် အောင်သာကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၂၁)လုံးအမိုးလန်ပျက်စီးခြင်း၊
ကံဦးကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၁)လုံးအမိုးလန်ပျက်စီးခြင်း၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၃)လုံးအမိုးလန်ပျက်စီးခြင်း၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၁၆)လုံးအမိုးလန်ပျက်စီးခြင်း၊ ကြူရွာကျေးရွာအုပ်စု၊ ကြူရွာရွာမကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခြင်း၊
ဗလဘ ကျေးရွာအုပ်စု၊ ဗလဘကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၆)လုံးအမိုးလန်ပျက်စီးခြင်း၊ ဆင်မရဲကျေးရွာအုပ်စု၊ ဆင်မရဲကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေအိမ် (၁)လုံးအမိုးလန်ပျက်စီးခြင်း၊ ရွာသစ် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ထန်းလက်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၁)လုံးအမိုးလန်ပျက်စီးခြင်း၊ ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်း၊ ရေစကြိုမြို့အမှတ်(၃) ရပ်ကွက်၊ စျေးရပ်တွင် သွပ်မိုး၊ သွပ်ကာလူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်း၊ အမှတ်(၆)ရပ်ကွက်၊ အောင်ချမ်းသာရပ်တွင် သွပ်မိုး၊ ထရံကာ၊ မြေစိုက် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်း၊ အမှတ်(၈)ရပ်ကွက်၊ သုခဝတီရပ်တွင်သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းလူနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခြင်း၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဆင်ခြေယာကျေးရွာ၊ ဇရပ်နီကျေးရွာနှင့် မာလကာခြံကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေအိမ်(၂၃)လုံး အမိုးလန်ပျက်စီးခြင်း၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၁၁)လုံးအမိုးလန်ပျက်စီးခြင်း၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၁)လုံးအမိုးလန်ပျက်စီးခြင်း၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းကျေးရွာနှင့် တောရကုန်းကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၅) လုံးအမိုးလန်ပျက်စီးခြင်း၊ သမန္တပို့ကျေးရွာအုပ်စု၊ သမန္တပို့ကျေးရွာနှင့် တောရွာကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၅)လုံးအမိုးလန်ပျက်စီးခြင်း၊ အလယ်သောင်ကျေးရွာအုပ်စု၊ အလယ်သောင်ကျေးရွာတွင် သွပ်မိုးထရံကာ၊ ဝါးကြမ်းခင်းလူနေ အိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် စေတီ(၄)ဆူ ထီးတော်မြေခခဲ့ပြီး လူနေအိမ်(၁၀၁)လုံး၊ လူဦးရေ(၄၄၆)ဦး၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် အဓိက ဆက်သွယ်ရေးလမ်းမကြီးဖြစ်သော ပခုက္ကူ- ချောင်းဦးကားလမ်းမကြီးတစ်လျှောက် လမ်းပိတ်ဆို့ခြင်း လုံးဝမရှိဘဲ ဆက်သွယ်သွားလာမှုများ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
နွယ်နွယ်အောင်


