ကော့ကရိတ် ၃၁  မေ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် တစ်ဖက်ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့်ပြည်သူများအား ကော့ကရိတ်မြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ယမန်နေ့ နံနက်က မြဝတီမြို့အမှတ်(၂) ချစ်ကြည်ရေးတံတား၌ သွားရောက်ကြိုဆို၍ မွန်းလွဲ (၂)နာရီတွင် ကော့ကရိတ်မြို့ မြို့မအားကစားကွင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ပြန်လည်ရောက်ရှိလာသည့် ပြည်သူများကို မြို့မအားကစားတွင်စုရပ်ထားရှိကာ ကော့ကရိတ်မြို့ အရိပ်စစ် နှလုံးသား ပရဟိတအသင်းမှ ထမင်းဘူးနှင့်ရေသန်ဘူးများ ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကို မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် နေရပ်ပြန်ကြမည့်ပြည်သူများအား ရပ်ကွက်ကျေးရွာများရှိ Based Quarantine များတွင် ထားရှိရေးအတွက် ကော့ကရိတ်မြို့နယ် ကိုဗစ်-၁၉ ကြီးကြပ်ရေး ကော်မတီဝင်မှ ကြီးကြပ် ဆောင်ရွက်ကာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများသို့ ပို့ဆောင်ခဲ့ကြသည်။

 

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများသည် ကော့ကရိတ်မြို့နယ် (၈၉)ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ (၁၈)ဦး ပေါင်း(၁၀၇)ဦးဖြစ်ပြီး မြဝတီမြို့တွင် ဆေးစစ်ချက် ခံယူ၍ ကျန်းမားရေး ကောင်းမွန်သူများဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)