မင်းလှ  ၃၁  မေ

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန၊အမှတ်(၂၇) စက်မှုလယ်ယာစခန်းမှ မိုးကြိုကာလတွင် ဖြစ်ပေါ်လျှက်ရှိသော ရာသီဥတုကြောင့် နွေစပါးရိတ်သိမ်းတောင်သူများအား စပါး အခြောက်ခံစက်ဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ယခုမေလအတွင်း ဝက်လှကြီးကျေးရွာနှင့် ထောက်ကြံကွင်း ကျေးရွာတို့မှတောင် သူ(၃) ဦး၏နွေစပါးတင်း (၁၀ဝ၀)ခန့် ကူညီဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စပါးအခြောက်ခံစက်သည် တစ်ကြိမ်လျှင် စပါးတင်း(၅၀ဝ) ခန့်ထိ အခြောက်ခံပေးနိုင်၍ တစ်ကြိမ်လျှင် အပူချိန် ၄၀ ဒီဂရိစင်တီဂရိတ်မှ မှ ၆၀ ဒီဂရိစင်တီဂရိတ်ဖြင့် အချိန် (၁၂)နာရီမှ (၁၅)နာရီခန့် ကြာမြင့်သည်။

 

စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ထွန်ယက်ရေးလုပ်ငန်း၊ ရိတ်သိမ်း‌ခြွေလှေ့ခြင်း လုပ်ငန်း၊ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းလုပ်ငန်းများကို ဝန် ဆောင်မှုပေးလျှက်ရှိပြီး ရာသီဥတုကြောင့် အခက်အခဲရှိသော နွေစပါးစိုက်တောင်သူများကို စပါးအခြောက်ခံစက်ဖြင့်  ကူညီဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိနွေစပါးစိုက်တောင်သူများ အနေဖြင့် အခက်အခဲရှိပါက လာရောက် ဆောင်ရွက်နိုင်ကြောင်းကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှုး ဦးအောင်အောင်ခန့်က ပြောကြား ခဲ့သည်။

 

ပေါက်စ မင်းလှ