ကျောက်ဆည် ၃၁ မေ

 

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်   ကျောက်ဆည် မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းသားများ စိုက်ပျိုး ထားသော သီးနှံများ လေလွင့်ဆုံးရှူံးမှု မဖြစ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ အသင်းသားများ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် သီးနှံများကို ဝယ်ယူ၍ သမဝါယမ ဦးစီးဌာန ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသင်းသားပြည်သူများထံသက်သာသော ဈေးနှုန်းများဖြင့် တဆင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးထံမှ သတင်းရရှိပါသည်။

 

MDN