ဖလမ်း ၃၁ မေ
ယနေ့ ညနေပိုင်းက ဖလမ်း ကိုဗစ်-၁၉ ကော်မတီမှ ဖလမ်းမြို့ပေါ် အသင်းတော် (၃၅) ပါးရှိ ပုံမှန်ဝင်ငွေ မရှိသူ အိမ်ထောင်စုများအတွက် ဆန်များသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးအတွက် ဖလမ်း ကိုဗစ်-၁၉ ကော်မတီသို့ အလှူရှင်များ လှူဒါန်းသည့် အလှူငွေဖြင့် ဆန်များဝယ်ယူကာ လှူဒါန်းပေးခြင်းဖြစ်ပြီး အခုလိုလှူဒါန်းရာတွင် ဖလမ်းမြို့ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့မှ ဖလမ်းမြို့ပေါ် (၈) ရပ်ကွက်ရှိ မသန်စွမ်းများနှင့် မြို့ပေါ်အသင်းတော် ၃၅ ပါးမှ ပုံမှန်ဝင်ငွေ မရှိသူများ၏ စာရင်းအား ကွင်းဆင်းကောက်ယူကာ မသန်စွမ်း ၄၇ ဦးအပါအဝင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၃၀၀ အား ဆန်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ညနေပိုင်းက အသင်းတော်များသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဇွန် ၁ ရက်တွင် မသန်စွမ်းများထံ သွားရောက်လှူဒါန်းပေးမှာဖြစ်ကြောင်း ဖလမ်း ကိုဗစ်-၁၉ ကော်မတီတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
Credit>MRTV


