ပဲခူး ၃၁ မေ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး၊  ပဲခူးမြို့ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ မွန်းလွဲ(၂)နာရီက ပဲခူးမြို့ အသောက ဘုန်းတော်ကြီးကျောင်းရှိ နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းအား သွားရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားသည်။

 

ရှေးဦးစွာ အသောကဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား ဘုန်းတော်ကြီးကျောင်းတွင် နေရပ်ပြန်များထားရှိမှုနှင့် ပတ်သက်၍ လျောက်ထားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါနေရပ်ပြန် ပြည်သူများအား စောင့်ကြပ်ကြည့်ရှုပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့ကို တွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး စေတနာ့ဝန်ထမ်းများ အနေဖြင့် မိမိတို့ကျန်းမာရေးကို အထူးဂရုပြုရန်၊ ယခုကဲ့သို့ နေအိမ်သို့မပြန်ပဲ တစ်ထောင့်တစ်နေရာမှ ကိုယ်ကြိုးစွန့်ကူညီပေး နေမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ ၂၄၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာကြောင်း သိရပြီး အဆိုပါနေရပ်ပြန်ပြည်သူများအတွက် facility quarantine စောင့်ကြပ်ကြည့်ရှုပေးရန် volunteer ၂၃၃၂ ဦးခန့် ရှိကြောင်း ပဲခူးမြို့မှာ စောင့်ကြပ်ကြည့်ရှု ပေးနေတဲ့ volunteer များအတွက် စားဝတ်နေရေး အထောက်အပံ့ ဖြစ်စေရန် ထောက်ပံငွေကျပ် ၁၃ သိန်း ကျော်ကို မေ ၂၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပေးအပ်ခဲ့ကြောင်း အဆိုပါကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

 

ဟိန်းထက်(ပဲခူး)