ဝိုင်းမော် ၁ ဇွန်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်းတန်းကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဆမားခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းနှင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများနှင့် ရည်ရွယ်ချက်ကို ဆွေးနွေးတင်ပြသည်။
အဆိုပါ သင်တန်းကို စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့မှ (၃၀)ကျော် တက်ရောက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပို့ချပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)


