၁ ဇွန်

 

 

ဂျပန်နိုင်ငံ၏ အမြင့်ဆုံးဖြစ်သော တိုကျို Skytree မျှော်စင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ပြီးနောက် အများပြည်သူအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

 

1

 

 

တိုကျိုမြို့တော် အစိုးရသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံ ဖြေလျှော့ခဲ့ပြီး ၆၃၄ မီတာရှိသော တိုကျို အထင်ကရ အဆောက်အအုံဖြစ်သည့် ရုပ်သံထုတ်လွှင့်မှုနှင့် လေ့လာမှုဆိုင်ရာ မျှော်စင်ကို တနင်္လာနေ့တွင် ဖွင့်လှစ်ခဲ့သည်။

 

1

 

 

အဆိုပါ မျှော်စင်ကို မတ် ၁ ရက်နေ့က ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

 

 

မျှော်စင် အလုပ်သမားများသည် ဝင်ပေါက်တွင် ဧည့်သည်များ၏ ကိုယ်အပူချိန်ကို တိုင်းတာမည် ဖြစ်ကြောင်းနှင့် မျက်နှာဖုံးများ ဝတ်ဆင်ရန် ကြေညာထားသည်။

 

 

အသက် ၅၀ နှစ်အရွယ် တိုကျိုမြို့ ဒေသခံတစ်ဦးက ၎င်းသည် ၂၀၁၂ ခုနှစ်မှစတင်ကာ  Skytree မျှော်စင် ဖွင့်ပွဲ နှစ်ပတ်လည်နေ့ရောက်တိုင်း အမြဲလာရောက် လည်ပတ်လေ့ရှိသည်ဟု ဆိုသည်။

 

 

အချိန်အတော်ကြာပြီးမှ လာရောက်လည်ပတ်ရသည့်အတွက် ကျေနပ်ကြောင်း ၎င်းက ပြောကြားသည်။

 

 

သို့သော်လည်း မျှော်လင့်ထားသည်ထက် လူအနည်းငယ်သာ လာရောက်သည်ကို တွေ့ရသဖြင့် စိတ်မကောင်းဖြစ်မိသည်ဟု သူက ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို