၁ ဇွန်

 

အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် ချမှတ်ထားသော အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ပေးနေသည်။ အချို့သော နိုင်ငံများတွင်  ကူးစက်မှုများ မြင့်တက်လာချိန်တွင် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင် လုပ်ဆောင်မည် ဖြစ်သည်။

 

 

1

 

အိန္ဒိယနိုင်ငံတွင် လက်လီရောင်းဝယ်မှုနှင့် ကုန်ထုတ်လုပ်ငန်းများဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ရုပ်သိမ်းတော့မည် ဖြစ်သည်။

 

 

1

 

ကူးစက်မှုဆိုင်ရာရောဂါ ကိုင်တွယ်ဖြေရှင်းမှုသည် တိုင်းပြည်၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး အလုပ်လက်မဲ့ အများအပြား ဖြစ်စေခဲ့သဖြင့်   နောက်ထပ် စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်လျှင် ကူးစက်မှုအရေအတွက် ၈၀ဝ၀ ကျော်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ လျော့ပါးလာသည်။

 

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာနှင့် ၎င်းအနီးဝန်းကျင် ဒေသများတွင် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးနေပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည် စတင်လုပ်ဆောင်မည်။

 

ထိုင်းနိုင်ငံသည် အနှိပ်ခန်းများနှင့်အတူ အခြားသော မိုးလုံလေလုံ အဆောက်အအုံများနှင့် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်းဖြင့် တနင်္လာနေ့တွင် ကန့်သတ်မှုများ ထပ်မံဖြေလျှော့ပေးနေသည်။

 

ထိုင်းအစိုးရသည် ကူးစက်မှုများ ပြန်လည်ဖြစ်ပွားပါက ကန့်သတ်ချက်များ ချမှတ်နိုင်သဖြင့် အရေးပေါ် အခြေအနေကို သက်တမ်းတိုးမြှင့်ခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို