နောင်ချို ၁ ဇွန်

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို မေ ၂၅ ရက်မှစတင်၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေရာတွင် နောင်ချိုမြို့နယ်အတွင်း အထက်တန်းအဆင့် ကျောင်းများကို ပထမအဆင့်ဖြန့်ဝေပေးပြီး အ.လ.က၊ အ.လ.က(ခွဲ)၊ အ.မ.က စသည်ဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ သင်ရိုးသစ်နှင့် သင်ရိုးဟောင်း နှစ်မျိုးစလုံးကို ဖြန့်ဝေလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသားဦးရေဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ပုံနှိပ်စာအုပ်အပြင် ဗလာစာအုပ်များကိုပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စိန်အေးက ပြောသည်။

 

နောင်ချိုမြို့နယ်အနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးသို့ ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များအား မြို့နယ်ပညာရေးရုံးမှ ဒု-လက်ထောက်ကြီးကြပ်/စစ်ဆေး ဦးသန့်ဇင်ဦးက တာဝန်ခံ၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)