ပေါက်ခေါင်း ၁ ဇွန်

 

ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမွမ်းမံရန်ပုံငွေဖြင့် ဆောင်ရွက်သော တာကောက်-သိုက်ချောင်း မြေသားကုန်ထုတ်လမ်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ဒေသခံတောင်သူများ၏ လယ်ယာထုန်ကုန်များကို အဆင်ပြေလွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တင်ဒါရကုမ္ပဏီဖြစ်သော ရွှေလာဘံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော တာကောက်-သိုက်ချောင်း ကုန်ထုတ်လမ်းသည် လမ်းအရှည် ၃၅၇၀ ပေ၊ လမ်းအကျယ် ၁၂ ပေရှိ မြေသား မြေနီခင်း လမ်းအမျိုးအစားဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းသစ် ဖောက်လုပ်ထားသည့်အတွက် ဒေသခံပြည်သူ ၁၀၅၁ ဦးနှင့် တောင်သူများ၏ လယ်ယာမြေဧက ၃၀ဝ မှထွက်ရှိသော လယ်ယာထုတ်ကုန်သီးနှံများကို ဈေးကွက်အတွင်းသို့ လွယ်ကူလျင်မြန်စွာ ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ မြေသားကုန်ထုတ်လမ်းပြီးစီးမှု အခြေအနေများကို ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)

 

mdn