တီးတိန် ၁ ဇွန်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြောင့် ရပ်ဆိုင်းထားသည့် ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ဇွန် ၁ ရက်မှစတင်ကာ ၁ နှစ်ခွဲအောက်ကလေးများအား ပြန်လည် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိသည်။
တီးတိန်မြို့နယ်တွင် အသက် ၁ နှစ်ခွဲအောက် ကလေးစုစုပေါင်း ၁၉၄၇ ဦးရှိပြီး ယခုကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စုရပ်တစ်ခုလျှင် ကလေး (၅၀)ဦးထက်မပိုရန် သတ်မှတ်ထားကာ ယနေ့တွင် မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာများတွင် ကာကွယ်ဆေးများ စတင်ထိုးနှံ၊ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးမှာ ဧပြီ၊ မေ၊ ဇွန် (၃)လစာအတွက်ဖြစ်ပြီး ဘီစီဂျီ(BCG)၊ ပိုလီယို (Polio)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(Rota)၊ ပြင်းထန်အဆုတ်ရောင် (PCV)၊ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ်ကာကွယ်ဆေး(TDP)၊ ဝက်သက်-ဂျိုက်သိုး (Mealse)၊ ဂျပန်ဦးနှောက်ရောင် (JE)၊ ကာကွယ်ဆေးများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


