တောင်ကြီး  ၁  ဇွန်

 

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊  ကမ္ဘောဇဘဏ် လိမိတက်နာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်မြို့များရှိ ဓနု ၊ ပလောင်၊ တောင်ရိုး၊ ပအိုဝ်း၊ မြန်မာတိုင်းရင်းသားအခြေခံ ပြည်သူလူထုများသို့ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးအပ်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ကလောမြို့ မြက်ရဲအင်းပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး ဆန်အိတ် (၂၀)၊ ဆီ (၅) ပုံး၊ ဆား (၁) အိတ်၊ ကုလားပဲ (၁) အိတ်တို့အား လှူဒါန်းပြီး၊ မြက်ရဲအင်းရွာ ဓနု ၊ ပလောင်၊ တောင်ရိုး၊ ပအိုဝ်း၊ မြန်မာတိုင်းရင်းသား အခြေခံပြည်သူ အိမ်ထောင်စု (၄၀၀) အတွက်၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ် (၇၀၀) နှင့် ငွေကျပ် (၁၀၀၀၀ )စီ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ကလောမြို့၊  မြို့မပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအတွက် ဆန် (၁၀) အိတ်၊ ဆီ (၃) ပုံး၊ ဆား (၁) အိတ်၊ ကုလားပဲ (၁) အိတ် တို့အားလည်းကောင်း၊ ကလောမြို့နယ်၊ သူရဲကျေးရွာအုပ်စု ပိန္နဲပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဆန် (၁၀) အိတ်၊ ဆီ (၃) ပုံး၊ ဆား (၁) အိတ်၊ ကုလားပဲ (၁) အိတ်တို့အား လည်းကောင်း၊ ကျေးရွာနေ ဓနု၊ ပလောင်၊ တောင်ရိုး၊ ပအိုးဝ်၊ မြန်မာတိုင်းရင်းသားအခြေခံပြည်သူ အိမ်ထောင်စု (၁၀၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ် (၁၀၀) နှင့် ငွေကျပ် (၁၀၀၀၀) စီအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ချမ်းသာပရိယတ္တိ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်အိတ် (၂၀) ၊ ဆီ (၅) ပုံး၊ ဆား (၁) အိတ်၊ ကုလားပဲ (၁) အိတ်တို့အား လည်းကောင်း၊ အောင်စင်္ကြာဘုန်းတော်ကြီးကျောင်းသို့ ဆန်(၁၀) အိတ်၊ ဆီ(၃)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ (၁) အိတ်တို့အား လည်းကောင်း၊ အောင်ပန်းမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် အောင်ပန်းမြို့နေ အခြေခံပြည်သူလူထု အိမ်ထောင်စု (၉၃၀) အတွက် ရိက္ခာထုပ် (၁၅၀၀) နှင့် ငွေကျပ် (၁၀၀၀၀) စီအားလည်းကောင်း၊ ပေါငယ်တပ်ကျေးရွာရှိ ရှမ်း၊ ဓနု၊ ပအိုဝ်း၊ တိုင်းရင်းသား အခြေခံပြည်သူ အိမ်ထောင်စု (၇၀) အတွက် ရိက္ခာထုပ် (၇၀) နှင့် ငွေကျပ် (၁၀၀၀၀) စီအား လည်းကောင်း၊ ဟဲဟိုးမြို့၊ ကံတလိ ပရိယတ္တိ စာသင်တိုက်သို့ ဆန်(၁၀)အိတ်၊ ဆီ (၃) ပုံး၊ ဆား (၁) အိတ်၊ ကုလားပဲ (၁) အိတ် တို့အားလည်းကောင်း၊ ဟဲဟိုးမြို့နေ အခြေခံတိုင်းရင်းသား လူမျိုးပေါင်းစုံ အိမ်ထောင်စု (၄၀၀) အတွက် ရိက္ခာထုပ် (၄၀၀) နှင့် ငွေကျပ် (၁၀၀၀၀) စီအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ရွှေညောင်မြို့သို့ ရောက်ရှိပြီး ရွှေညောင်မြို့ ဘုန်းတော်ကြီးကျောင်းသို့ ဆန် (၁၀) အိတ်၊ ဆီ (၃) ပုံး၊ ဆား (၁) အိတ်၊ ကုလားပဲ (၁) အိတ်တို့အား လှူဒါန်းကာ ရွှေညောင်မြို့ရှိ အခြေခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ အိမ်ထောင်စု (၈၀၀) အတွက် ရိက္ခာထုပ် (၈၀၀) နှင့် ငွေကျပ် (၁၀၀၀၀) စီအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)