နေပြည်တော်   ၁  ဇွန်

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌  တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  အမိန့်၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု (၅)မှု နှင့် တရားမအထူးအယူခံမှု (၈)မှုတို့ကို စီရင်ချက်ချမှတ်သည်။

 

ထို့ပြင် တရားမအထူးအယူခံမှု (၆) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်