ကန်ကြီးထောင့်   ၁  ဇွန်

 

မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ဘုရားပတ်လမ်း ရေမြောင်းအတွင်းသို့ ရေပြွန်ချခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘုရားပတ်လမ်းရေမြောင်းကို လမ်းနေပြည်သူများ ထည့်ဝင်သော ရေပြွန် ၅ လုံး၊ သဲအိတ်များနှင့် စည်ပင်သာယာ‌ရေး ဝန်ထမ်းများ၏ လုပ်အားများဖြင့် စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ဒါးကကျေးရွာအတွင်းရှိ အရှည်ပေ ၁၁၀၀၀ ကျော်ရှိသည့် အဓိက ရေနုတ်မြောင်းများအား တူးဖော်ခြင်းလုပ်ငန်းများနှင့် ကွန်ကရစ်မြောင်းအတွင်းမှ အမှိုက်များ၊ နှုန်းများ ဆယ်ယူရှင်းလင်းခြင်းကို မေလပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည့်အတွက် မိုးတွင်းကာလ ရေစီးရေလာများ ပိုမိုကောင်းမွန်ဖြစ်ကြောင်း သိရသည်။

 

နန်းထိုက်(ပြန်/ဆက်)