ရန်ကုန် ၁ ဇွန်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့သည် မေ ၂၆ ရက်မှ ၃၀ ရက်အထိ ဆမီးမြို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၃၂ ဦးတို့နှင့်အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် လူမှုကရုဏာဆိုင်ရာ အကူအညီ အထောက်အပံ့များကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ လူမှုကရုဏာ အကူအညီများပေးရာတွင် ဆမီးမြို့ တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ၇၂၈ စုမှ လူဦးရေ ၅,၈၆၀ တို့အတွက် အစားအစာများ၊ အမျိုးသမီးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ခြင်ထောင်များ၊ အိမ်ဆောက်အထောက်အကူ ပစ္စည်းများ၊ ယာယီအိမ်သာ အမိုးအကာအတွက် တာပေါ်လင်စများနှင့် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် အစရှိသည်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျိုင်းလော


