ဟုမ္မလင်း ၂ ဇွန်
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိ ကလေး (၅၀၀) ကျော်အား မိခင်နှင့် ကလေးစောင့်ရှောက်ရေးရုံးတွင် ဇွန်လ(၁)ရက်နေ့မှစ၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး (၁၂)မျိုးအား တစ်နှစ်ခွဲအောက် ကလေးများအား ထိုးနှံတိုက်ကျွေးလျက်ရှိပြီး ဇွန်လ (၃)ရက်နေ့ အထိထိုးနှံ တိုက်ကျွေး သွားမည်ဖြစ်ကြောင်းသိရသည်။
ဟုမ္မလင်းမြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိ ကလေးငယ် (၁၆၀) ကျော်ကို ဇွန်(၁)ရက်နေ့တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကလေးနှင့်မိခင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ နှားခေါင်းစည်းတပ်ဆင်လာရန်၊ တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေဘဲ သုံးပေအကွာစနစ်ဖြင့် စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


