ဓနုဖြူ ၂ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ဓနုဖြူ - ရန်ကုန် မော်တော်ယာဉ်လိုင်းကို ဇွန် ၂ ရက်နေ့ မှစတင်၍ သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့တွင် ဓနုဖြူ - ရန်ကုန် မော်တော်ယာဉ်လိုင်း ( ၂) လိုင်းပြေးဆွဲလျက်ရှိပြီး ယာဉ်လိုင်းပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြေးဆွဲမည့် မော်တော်ယာဥ်များကို ပိုးသတ်ဆေးဖျန်းခြင်း၊ယာဉ်မောင်းနှင့် ခရီးသည်များအား လက်ဆေးရန် ဘေစင်ထားရှိခြင်း၊ လက်သန့်ဆေးရည် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းတပ်ဆင်ရန် ဆောင်ရွက်ထားခြင်း၊ လူစုလူဝေးမဖြစ်စေရေးအတွက် ခရီးသည်တစ်ဦးလျှင် ထိုင်ခုံ (၂) ခုံဝယ်ယူရန် သတ်မှတ်ထားပြီး ယခင်က လူဦးရေ ၄၀ တင်ဆောင်သည့် ယာဉ်အား ယခု ခရီးသည်(၂၀) ဖြင့်သာပြေးဆွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်အတိုင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဓနုဖြူမြို့နယ်ရှိ ဓနုဖြူ - ရန်ကုန်ယာဥ်လိုင်းများပြန်လည်ပြေးဆွဲခွင့်ပြုသဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး


