တောင်ကြီး  ၂ ဇွန်

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၊ ကုတင်(၅၀ဝ)ဆံ့ အဆောက်အအုံတွင် ရောဂါပိုးစစ်ဆေးနိုင်သည့်စက် တပ်ဆင်ထားရှိမည့်နေရာအား ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုသည်။

 

စဝ်စံထွန်းဆေးရုံ၊ ကုတင်(၅၀ဝ)ဆံ့ အဆောက်အအုံတွင် Biosafety Lab အဆောက်အဦ ဆောက်လုပ်ရန် အတွက် ပုံစံ(၂)မျိုးဖြစ်သော (၅၀ˈ×၄၀ˈ) နှင့် (၆၀ˈ×၄၈ˈ)ရှိ RCC Construction (or ) Steel Structure Construction အား MSC Engineering မှ ဦးစိုးလှိုင်က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးနိုင်သည့်စက်သည် မန္တလေးမြို့တွင် ရောက်ရှိနေပြီး စက်တန်ဖိုးမှာ ကျပ်သိန်း ၄၀ဝ၀ ကျော်ဖြစ်ကြောင်း၊ ဓါတ်ခွဲခန်း ဆောက်လုပ်ရန်အတွက် ကုန်ကျငွေကျပ် ၁၂၆၄ သိန်း ဖြစ်ကြောင်း၊ ပြည်နယ်ရန်ပုံငွေမှ သုံးစွဲပြီး မန္တလေးစွမ်း ကုမ္ပဏီနှင့် တည်ဆောက်မည်ဖြစ်ကာ မေ ၂၆ ရက်တွင် လုပ်ငန်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း၊ ဓါတ်ခွဲခန်းပြုပြင်မှုသည် ဇွန် ၂၀ ရက်တွင် ပြီးစီးမည် ဖြစ်ကြောင်းနှင့် ရောဂါပိုးများ စမ်းသပ်ရှာဖွေသွားနိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံ မှ သိရသည်။

 

 

မောင်မောင်သန်း(တောင်ကြီး)