ကျောင်းကုန်း  ၂   ဇွန် 

 

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ‌ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဒါနလှူဒါန်းမှုကို အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေ က ယနေ့နံနက်ပိုင်းက  အဆိုပါ ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမဆောင်၌ လှူဒါန်းခဲ့သည်။

 

ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ surgical mask (၅၀၀)၊ ရိုးရိုးအဝတ်ပိတ် mask(၅၀၀) ၊ face  shield (၁၀၀)၊ O TGown (၁၀၀)ခု၊ Digital  B.P Cuff (၁) လုံး၊ N-95 mask (၁၀)ခု၊ surgicalGlove (၃၀) ခု၊ ခေါက်ဆွဲခြောက်(၂)ဖာ၊ (၁၆)ထုပ်၊ ငှက်ပျောသီး (၇၅) လုံး၊ ကြက်ဥအလုံး (၁၀၀)  တို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေကပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် ကလက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)