ဘုတလင်  ၂   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူလယ်သမားအစုအဖွဲ့ တို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ညောင်ကန်ကျေးရွာ၊ တောင်သူ ဦးပြည့်ဖြိုးအောင်၏ ယာခင်းတွင် တောင်သူများအား EM ဘိုကာရှီမြေဆွေး ပြုလုပ်အသုံးပြုမှုကို သရုပ်ပြခဲ့ကြောင်း သိရသည်။

 

3698

 

ထိုသို့ သရုပ်ပြပြုလုပ်ရာတွင် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်အောင်က ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စိုက်ပျိုးရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်မှုကို ရှင်းလင်းပြောကြားပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မေရီကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာတို့က EM ဘိုကာရှီမြေဆွေး ပြုလုပ်အသုံး ပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူအစုအဖွဲ့ဝင်များက နွားချေး၊ ဖွဲနု၊ အသင့်သုံး EM၊ တင်လဲရည်၊ နှမ်းရိုး၊ ဆန်ကွဲ၊ စက်ဖွဲပြာ၊ နှမ်းဖတ်နှင့် ရေအစိုဓာတ် (၄၀)ရာခိုင်နှုန်း အသုံးပြုကာ အလျား(၁၈)ပေ၊ အနံ(၆)ပေနှင့် အမြင့်(၃)ပေရှိ EM ဘိုကာရှီမြေဆွေးပုံများကို ပြုလုပ်ခဲ့ကြပြီး EM ဘိုကာရှီမြေဆွေး တစ်ပုံလျှင် တစ်တန်နှင့် ညီမျှကာ တစ်ဧကလျှင် EM ဘိုကာရှီမြေဆွေး နှစ်တန်နှုန်းဖြင့် သီးနှံပင်တိုင်းအတွက် အသုံးပြုစိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

အဆိုပါ EM ဘိုကာရှီမြေဆွေး ပြုလုပ်အသုံးပြုမှု သရုပ်ပြရာသို့ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများ၊ တောင်သူ လယ်သမားအစုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)